ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director ဉီးဆောင်သောအဖွဲ့နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Ms. Mariam Sherman ဉီးဆောင်သောအဖွဲ့နှင့် ယနေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုနှစ် ရှေ့လုပ်ငန်းစဉ်များ အွန်လိုင်းဖြင့်ဆွေးနွေး
ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ် လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၀-၂၀၂၁ ခုနှစ် ရှေ့လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးနှင့် ငါးလုပ်ငန်းဦးစီး ရုံးချုပ်မှ လမ်းညွှန်မှာကြားချက်များ ချပြရှင်းလင်း ဆောင်ရွက်ခြင်းတို့အား ယနေ့ နံနက် ၉ နာရီတွင် ဆောင်ရွက်ခဲ့သည်။
သပြေချောင်းတပ်ပြင်စျေးရှိ စားသုံးရန်/သုံးစွဲရန်မသင့်သော အစားအသောက် အလှကုန်များအား ကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်၍ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့နယ်၊ သပြေချောင်းတပ်ပြင်စျေးရှိ စားသုံးရန်/သုံးစွဲရန်မသင့် ကြေညာထားသော အစားအသောက်/ အလှကုန်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း .....
အားကစားနှင့် ကာယပညာဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်တားဆီးရေးနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်း 
အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် တားဆီးရေးနှင့်ပတ်သတ်၍ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်း (SOP)အတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာ ပေးရှင်းလင်းပြောကြားခြင်း အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ယနေ့နံနက် ၁၀နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အပေါ်ထပ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။