ပြည်ပရောက် မြန်မာသင်္ဘောသားများအား ပြန်လည်ပို့ဆောင်ပေး

COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအရပ်ရပ်၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၂၁) ဦးအတွက် ............
ပန်းတမော့နှင့် ပန်းပွတ် အထိမ်းအမှတ် အထူးထုတ် ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် (၂)မျိုး ရောင်းချပေးမည်
မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  မြန်မာ့စာတိုက်လုပ်ငန်းမှ .............
(၁၄) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အစည်းအဝေး ကျင်းပ
(၁၄) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အစည်းအဝေး (14th AMMTC) ကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် Video Conferencing ဖြင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ စိစစ်အကဲဖြတ်ခြင်းအခမ်းအနား ကျင်းပ
၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “နိုင်ငံ၏တန်ဖိုး လူမျိုး၏ ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ စိစစ်အကဲဖြတ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟို ပုံနှိပ်စက်ရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မျက်နှာအကာနှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင်ပြုလုပ်
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်၊ ထိန်းချုပ် နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်ကာ မျက်နှာအကာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အောင်မင်္ဂလာ အဝေးပြေးကားဝင်းတွင် ပြုလုပ်သည်။
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် “ရန်ကုန်တက္ကသိုလ် မြကျွန်းညို” ရောင်စုံဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့် ကာတွန်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် “ရန်ကုန်တက္ကသိုလ် မြကျွန်းညို” ရောင်စုံဓာတ်ပုံ၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုနှင့် ကာတွန်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်အနုပညာရပ်ဝန်းခန်းမ၌ ကျင်းပသည်။