ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ရေနံချောင်းမြို့နယ် ကံသာကျေးရွာမှ နေအိမ်သုံးလုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွေ့
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စု ကံသာကျေးရွာမှ နေအိမ်သုံးလုံးနှင့် မိသားစုဝင်များကို ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွေ့ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။