ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊  စီးပွားရေးနှင့် ကူးသန်း‌‌ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း‌ ‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့်အတူ သြဂုတ် ၇ ရက် မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာ ချီပါမျိုးသန့်ခြံသို့ ရောက်ရှိပြီး
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပဲခူးတိုင်းဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်-ပြည်လမ်း အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဓာတ်မှန်ပညာဌာနနှင့် အရေးပေါ်ကုသမှုဆေးပညာဌာနများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် အစည်းအဝေးခန်းမ၌ ဓာတ်မှန်ပညာဌာနနှင့် အရေးပေါ် ကုသမှုဆေး ပညာဌာနများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ အထူးကုဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးသည်။
တပ်ကုန်းမြို့နယ်၌  မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်မှ ကွင်းဆင်းစစ်ဆေး
နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကြေညာထားရှိ ခြင်းဖြစ်ရာ ယနေ့မွန်းတည့် ၁၂ နာရီက အဆိုပါမဲစာရင်းကပ်ထားကြေညာမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တိုင်းဒေသကြီး/ခရိုင်မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း CERP Action Plan အရ ငါးသားပေါက်များ ထောက်ပံ့ခြင်းနှင့် ရေအရည်အသွေး စစ်ဆေးရေးနှင့် ဓာတ်ခွဲခန်းအား ကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်များရှိ ငါးမွေးတောင်သူ များသို့ COVID-19 Economic Relief Planတွင် ပါရှိသော Action planအရ COVID-19 အလွန် ငါးမွေးမြူရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ခြင်း အခမ်းအနားကို ဩဂုတ်  ၈ ရက်က ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းပညာပေး သင်တန်းခန်းမ၌ ကျင်းပသည်။