ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ထိုင်းနိုင်ငံသံရုံးနှင့် Thailand Inernational Cooperation Agency တို့က PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် FAVIPIRAVIRဆေးများ  ပေးအပ်လှူဒါန်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနှင့် Thailand Inernational Cooperation Agency တို့က PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် FAVIPIRAVIR ဆေးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသု တေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 
နိုင်ငံတော်ကပေးသည့် ထောက်ပံ့ငွေကို အခြေခံလူတန်းစား အားလုံးရစေရန် မျှပေးနေရ
ကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်က ထောက်ပံ့ပေးနေသည့် ငွေများကို အခြေခံလူတန်းစားအားလုံးထံ ပေးဝေနိုင်ခြင်းမရှိဘဲ အားလုံးရစေရန် မျှဝေပေးနေသည့် အခြေအနေများ ရှိကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ထံက သိရသည်။