ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ လယ်ယာသုံး စက်ကိရိယာများ ဖြန့်ဖြူးရောင်းချရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၅  ရက် နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း(၁၁)သင်းမှ ဥက္ကဋ္ဌများအား ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းမောင်သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁)သင်းမှ ဥက္ကဋ္ဌများအား Video Conferencing ဖြင့် တွေ့ဆုံပြီး ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်လာနိုင်ရန်နှင့် ၂၀၂၃-၂၀၂၄ တွင် မူလအခြေအနေ ပြန်ရောက်ရန် ကိစ္စရပ်များကို ဆွေးနွေးသည်။
စဉ့်ကိုင်မြို့နယ် ပလိပ်အင်းဒေသသို့ ဆောင်းခိုငှက် အများအပြား  ဝင်ရောက်ကျက်စား
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်အင်းရေတိမ်ဒေသတွင် ဆောင်းခိုငှက်များ စတင်ဝင်ရောက်လာပြီဖြစ်သည်။ ဆောင်းခိုငှက်များမှာ နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ယခုအခါ ပိုမိုများပြားစွာ ရောက်ရှိလာပြီဖြစ်ကြောင်း .....
မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၅) ဦး ဆေးရုံဆင်းခွင့်ရရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၅)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။
(၁၈) ကြိမ်မြောက် အာဆီယံ- ဂျပန်ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးများကျင်းပ
(၁၈) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးများကို ယနေ့နံနက် ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် (၃၈)ကြိမ်မြောက် အာဆီယံ အင်ဂျင်နီယာအသင်းချုပ်ညီလာခံသို့ တက်ရောက် 
(၃၈)ကြိမ်မြောက် အာဆီယံ အင်ဂျင်နီယာအသင်းချုပ်ညီလာခံ (38 th Conference of ASEAN Federation of Engineering Organizations–CAFEO 38 ) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ the Vietnam Union of Science and Technology Associations (VUSTA) က ကြီးမှူး၍ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ Hybrid System ဖြင့်ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် Online ဖြင့် တက်ရောက်သည်။