ဝန်ကြီးချုပ်ဦးဝင်းသိန်း ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသည့် တော်ဝိ-ပိန်းဇလုပ်အကြား မီးရထားလမ်းတံတားနှင့် ပိန်းဇလုပ်မြို့အဝင် ကားလမ်းနှင့် တံတားတို့အား ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ် ၅ ရက်  ညနေ ၅ နာရီခွဲက ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားနှင့် ပိန်းဇရပ်မြို့အဝင် ကားလမ်း၊ တံတားတို့အား သွားရောက်ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာအုပ်စု ဆုံကုန်း၊ ဆုံကွဲကျေးရွာ၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာအုပ်စု ဆုံကုန်း၊ ဆုံကွဲကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး​နေပြီဖြစ်၍ လုပ်ငန်းပြီးစီးမှုများအား သြဂုတ် ၄ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
မကွေးမြို့ရှိ မူလတန်းကလေးများအတွက် သင်ထောက်ကူပစ္စည်းများ လုပ်ဆောင်နေ
မကွေးပညာရေးကောလိပ်နှင့် မကွေးတက္ကသိုလ်တို့၌ ပညာသင်ကြားနေဆဲ ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းထားသည့် Student Voice ပညာဒါနအသင်းက ကျောင်းများပြန်ဖွင့်ချိန်တွင် မူလတန်းအရွယ်ကလေးများအား ပညာမျှဝေနိုင်ရန် သင်ထောက်ကူပစ္စည်းများကို စတင်လုပ်ဆောင်နေကြောင်း အဆိုပါအသင်း တာဝန်ခံထံမှ သိရသည်။
မကွေးတိုင်းအတွင်း၌ Varroa Jacobsoni ကပ်ပါးမွှားကျမည်ကို ပျားမွေးမြူသူများက စိုးရိမ်နေ
မန္တလေးတိုင်းမှ မကွေးတိုင်းအတွင်းသို့ ပြောင်းရွှေ့မွေးမြူလာသော ပျားစခန်းတစ်ချို့တွင် Varroa Jacobsoni ကပ်ပါးမွှားကို သြဂုတ် ၁ ရက်က တွေ့ရှိခဲ့၍ အခြားပျားစခန်းများနှင့် ၆ မိုင်အကွာသို့ ရွှေ့ပြောင်းစေခဲ့ပြီးနောက် ရောဂါပိုးကျမည်ကို ပျားမွေးမြူသူများက စိုးရိမ်နေကြောင်း မကွေးတိုင်းဒေသကြီး ပျားလုပ်ငန်းဦးစီးဌာနက သိရသည်။
ဧရာဝတီမြစ်ရေတက်၍ မြို့နယ် ၇ မြို့နယ်မှ လူဦရေ ၅၀၀၀ ကျော် ရေဘေးကြုံ
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၇ ခု၌ ဧရာဝတီမြစ်ရေတက်၍ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၄ ရက်ထိ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကြုံကာ ယာယီရွှေ့ပြောင်းနေထိုင်မှုများရှိခဲ့ပြီး ကူညီထောက်ပံ့မှုများ လုပ်ဆောင်ထားကြောင်း တိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။ 
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရွှေဘိုလမ်း၊ အမှတ်(၁၈)ရပ်ကွက်ရှိ အောင်ဆန်းသူရိယလမ်း၊ သခင်ဖိုးလှကြီး(၂)လမ်းတို့ကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာရှိ ရွှေဘိုလမ်း၊ အမှတ်(၁၈)ရပ်ကွက်ရှိ အောင်ဆန်းသူရိယလမ်း၊ သခင်ဖိုးလှကြီး(၂)လမ်းတို့တွင် မိုးတွင်းကာလ သွားလာရေး အဆင်ပြေစေရန်နှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိရာ
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး Box Culvert တည်ဆောက်ရေး လုပ်ငန်းများအား စက်ယန္တရားဖြင့် ဆောင်ရွက်လျက်ရှိ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး Box Culvert  များ တည်ဆောက်နေမှုနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စက်ယန္တရားဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။