ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းများ မြိုင်မြို့တွင် ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေးအတွက် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ် ရပ်ကွက် (၃)ရပ်ကွက်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့
ပွင့်ဖြူမြို့နယ်ရှိ စားသောက်ဆိုင်များအား စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်း စစ်ဆေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြုပေးမည်ဖြစ်ရာ နိုဝင်ဘာ ၂၂ ရက် ၊ နံနက် ၈ နာရီခွဲက စံသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ထားမှု ရှိ/ မရှိတို့ကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ
ထီလုံကျေးရွာ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ ပအိုဝ်းတိုင်းရင်းသားရေးရာ ဝန်ကြီးတက်ရောက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ထီလုံ ကျေးရွာအုပ်စု ထီလုံကျေးရွာ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ယမန်နေ့က ပြုလုပ်ရာ ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်တက်ရောက်ခဲ့ကြောင်း  သိရ
ကသာမြို့နယ်၌ မြစိမ်းရောင် အတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲမြို့နယ် ကပ္ပလီကျေးရွာတွင် COVID-19 ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ကပ္ပလီကျေးရွာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံနှင့် အခြား အသုံး အဆောင် ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့က မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(ကပ္ပလီ)ရုံး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိ
ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေး ပန်ကြားချက်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး မြို့တွင်းလှည့်လည် ဆော်သြဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေးပန်ကြားချက်များအား အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး မြို့တွင်းလှည့်လည်ဆော်သြခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ နိုဝင်ဘာ(၂၂)ရက် ညနေ(၄)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရ