ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
နိုင်ငံတကာအဆင့်မီ မန္တလေးဓာတ်ခွဲခန်းသစ် စတင်အသုံးပြု
မန္တလေးမြို့တွင် နိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (Public Health Laboratory - Mandalay) အဆောက်အဦးသစ် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် ထံက သိရသည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၄၄၅ ဦးနှင့် ပြည်တွင်း အလုပ်နေရာ ၇၄၄၂ ဦး ခန့်ထားနိုင်ခဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား
ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ် တတိယအခေါက် ထွက်ခွာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း တတိယအခေါက်ခရီးစဉ်ကို သူရိယစန္ဒာဝင်း ကုမ္ပဏီပိုင် MV.CHARITES ရေယာဉ်ဖြင့် ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း အမှတ်(၃) ဆိပ်ခံတံတားမှ ထွက်ခွာသည်။
မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
အစည်းအဝေးတွင် ဒုတိယ၀န်ကြီးက အမှာစကားပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသူများက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည့်စုံသောမူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
လေးမျက်နှာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျေးရွာများရွေးချယ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ‌လေးမျက်နှာမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်
(၃၈)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ
(၃၈)ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (38th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings) ကို နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပလျက်ရှိသည်။