ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့်(၁၁) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂထိပ်သီးအစည်းအဝေးသို့ တက်ရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၀၈၃၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်ဆွေးနွေးခဲ့သည်။





