နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်-လေရှီးမြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်း စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာ နှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေနှင့် အိန္ဒိယနိုင်ငံအထောက်အပံ့ရန်ပုံငွေတို့ဖြင့် လဟယ်-လေရှီးမြို့ နယ်ချင်းဆက်လမ်းဖောက်လုပ်နေမှုကို (ခေတ္တ)နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ







