မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်နှင့် ကားလမ်းဘေးမြေသားများ ပြိုကျမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူးထရပ်ကွက်၌ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွက် လက်ဆေးဘေစင် (၉)ခုနှင့် အိမ်ထောင်စု (၁ဝဝ) စုတို့အတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း

ထန်းတပင်(ရန်ကုန်)  ၃၁  ဇူလိုင်

 

အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း ဆင်းပွဲကျင်းပ
မွန်ပြည်နယ် သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့ မွန်းလွဲ ၃ နာရီက အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း(၂/၂၀၂၀) သင်တန်းဆင်းပွဲ ကျင်းပသည်။
ဂျော်ဒန်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဂျော်ဒန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး
စာအုပ်စာပေ ချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် ဝန်ထမ်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် ဝန်ထမ်းများပူးပေါင်းကာ ဒေါက်တာမတင်ဝင်း ရေးသားသည့် အလုပ်ဆိုတာ အင်အားပါ စာအုပ်နှင့်ပတ်သက်၍ စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၂) မှ ပြစ်ဒဏ်စေ့ အကျဉ်းကျ ထိုင်းနိုင်ငံသား နှစ်ဦး ပြန်လည် လွှဲပြောင်းပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) မှ  ကျိုင်းတုံ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရပြီး ပြစ်ဒဏ်စေ့၍ ပြန်လည်လွတ်မြောက်လာသူ ထိုင်းနိုင်ငံသားနှစ်ဦးအား
မိုင်းပန်မြို့နယ်အတွင်းရှိ မဲစာရင်းများ၌ အချက်အလက်များ တိကျမှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက်ရှိ
၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်းများအား ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက မိုင်းပန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတွင် စတင်ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်း၌ အချက် အလက်များ  မှန်ကန်ပြည့်စုံမှု ရှိစေရေးအတွက် ပြည်သူများမှ မဲစာရင်းကပ်ထားရာနေရာသို့ လာရောက်ကြည့်ရှုကြ၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များအား ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။