ရှမ်းပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် Church၊ ဗလီ၊ ဟိန္ဒူ ဘုရားရှိခိုးကျောင်းများအား ပြန်လည်ပိတ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထား
ရှမ်းပြည်နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် Church ၊ ဗလီ ၊ ဟိန္ဒူဘုရား ရှိခိုး ကျောင်းများအား ပြန်လည်ပိတ်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဇူလိုင် ၂၉ ရက် ရက်စွဲပါ စာအမှတ် (၁၀၃၄၂)/၅-၁၈၁/ အစရ(ရှမ်း)ဖြင့် ညွှန်ကြားထားကြောင်း သိရသည်။
ဘတ်ဂျက်စိစစ်ကြီးကြပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကယားပြည်နယ်လွှတ်တော်တွင် ကျင်းပ 
ကယားပြည်နယ်လွှတ်တော်တွင် ဘတ်ဂျက်စိစစ်ကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး အတွက် International IDEA ၏ စီမံကိန်းတစ်ခုဖြစ်သည့် Support Hluttaw Works on Effective Budget Oversight (SHWEBO) က ဇူလိုင် ၃၀ ရက်တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ရာ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး ဦးဆောင်ပြီး တက်ရောက်ဆွေးနွေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ
ကချင်ပြည်နယ်အတွင်း ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် (၄)မိုင် တပ်စခန်း - စုစည်း - တောင်သုံးလုံး - မက်လင်ကော့လမ်း (၁၉)မိုင်တွင် တောင်ပြို မြေပြိုကျသဖြင့် လမ်းပြတ်တောက်မှုများ၊ သစ်ပင်များပြိုလဲ၍ လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် လမ်းပန်းဆက်သွယ် ရေးခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်းသိရှိရသဖြင့်
ညောင်ဦးမြို့နယ် မြစ်ရေဝင်ရောက်လျှက်ရှိသည့် အန္တရာယ်ရှိနေအိမ်များ ရွေ့ပြောင်းပေးနေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅) သီလရင်စုရပ်ရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်  အန္တရာယ်ရှိအိမ်ထောင်စုများအား ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ် ဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲမှ စတင်ကာ ကူညီရွှေ့ပြောင်းပေးလျှက်ရှိကြောင်း ညောင်ဦးမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင်  ဧရာဝတီမြစ်ရေမြင့်တက်မှု မြစ်ရေတိုက်စားမှုတို့ကြောင့် နေအိမ်နှင့် မြစ်ကမ်းထိန်းတာပေါင် ပြိုကျပျက်စီး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ (၁)ရပ်ကွက်ပါ  ကျေးရွာ/ရပ်ကွက် ၂ ခုတွင် ဇူလိုင် ၃၀ ရက် နံနက် ၁၀ နာရီ ၅ မိနစ်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေများဝင်ရောက်လျက်ရှိသဖြင့်