မြန်မာနိုင်ငံပြန်တမ်း

၁၇ နိုဝင်ဘာ

မြန်မာနိုင်ငံပြန်တမ်း

 

၁၇ နိုဝင်ဘာ

COVID-19 ရောဂါဆိုင်ရာ အမေး၊ အဖြေအစီအစဉ် ဆက်လက်ထုတ်လွှင့်မည်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ ASEAN – Korea Cooperation Fund (AKCF) ဖြင့် COVID-19 Antigen Test Kits များ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ ညနေပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ ASEAN – Korea Cooperation Fund ဖြင့် COVID-19 Antigen Test Kits များ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားသို့ Videoconferencing စနစ်ဖြင့် တက်ရောက်သည်။
ကိုဗစ်-19 ဓာတ်ခွဲစစ်ဆေးဆောင်ရွက်မှု လက်ရှိအခြေအနေနှင့် ရှေ့မျှော်မှန်းတွက်ဆဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေးခြင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်သည့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးဆောင်ရွက်မှု လက်ရှိအခြေအနေနှင့် ရှေ့မျှော်မှန်းတွက်ဆ ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်သည်။