ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၁၈)ဦး ထပ်မံဝင်ရောက်
တရုတ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဇူလိုင် ၃၀ ရက် ညနေ ၆ နာရီက ၁၅ ဦးနှင့် ယနေ့ မွန်းလွဲပိုင်းက (၃) ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၈) ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။