စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၁ ဒသမ သုညသန်းဖြင့် ဟွေကွန်ကျေးရွာနှင့် စစ်ဖောင်ကျေးရွာကြား ဟွန်းညူချောင်းပေါ် တည်ဆောက်ထားသော အလျား (၈၀)ပေ၊ အနံ(၁၄)ပေ၊ နှစ်လွှာတစ်ထပ်ဘေလီတံတား ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး မှုအား စစ်ဆေးခဲ့ပြီးဖြစ်ပါကြောင်း သိရ