ညောင်တုန်းမြို့၌ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ (၄၁) လမ်း ကမ်းနားတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က နေအိမ် (၂) လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ရ
ကျိုက်မရောမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ မဲရုံသုံးပစ္စည်းများထုတ်ပေးရန် ပြင်ဆင်ဆောင်ရွက်

ဝမ်းတွင်းမြို့နယ်တွင် အသက်(၉)နှစ်နှင့် (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား (HPV)ကာကွယ် ဆေးထိုးနှံပေးလျက်ရှိ

ကျောက်ဖြူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ပင်စင်လစာများထုတ်ပေးလျှက်ရှိ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ် ယူကြသည့် အငြိမ်းစားဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများမဖြစ်ပေါ်စေရန် အ တွက် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန် ချက်များနှင့်အညီ ဧပြီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ထုတ်ပေးလျှက်ရှိကြောင်း သိရ
ပညာရေးကောလိပ်ကို ခုတင် (၁၆၀) ဆံ့ Quarantine Centerအဖြစ် တိုးချဲ့

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့်  လေရှီးမြို့နယ်အတွင်းဆောင်ရွက်သည့် လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ လေရှီးမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး စီမံကိန်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (စတုတ္ထအကြိမ်) အိန္ဒိယနိုင်ငံ ထောက်ပံ့ ရန်ပုံငွေကျပ် (၁၇၄၉၆၅)သန်း လေရှီးမြို့နယ်၊ လေရှီး-ဆပ်ပြာ-ချယ်ရာ-အဝခေါင်လမ်းမပေါ်ရှိ ချယ်ရာ ချောင်းကူး တံတားပေ(၇၀×၁၄) ဘေလီတံတား ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဦးခင်မောင်လင်း၊ လက်ထောက် ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရ
ကမ္ဘာ့ကုလသမဂ္ဂက စားနပ်ရိက္ခာအဖွဲ့မှ တောင်သူများကို စိုက်ပျိုးရေး သွင်းအားစု ပစ္စည်းများနှင့် ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှရေကြီးနစ်မြုပ်မှု ဖြစ်ပွားပါက စိုက်ပျိုးရေး သီးနှံများ ထိခိုက်လွယ်သည့် အိမ်ထောင်စုများအား စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများနှင့် ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရေပူကြီးကျေးရွာအုပ်စု၊ မိဂလုံကျေးရွာ အုပ်စုတို့တွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ