ထန်းတပင်မြို့နယ် ဆတ်ကလေးကျေးရွာတွင် ပြည်သူမှပြည်သူ့ထံသို့ အခြေခံစားသောက်ကုန်များ ပြန်လည်မျှဝေလှူဒါန်း
ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံလက်လုပ်လက်စား အိမ်ထောင်စုများ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ပြည်သူမှပြည်သူထံသို့ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများ ပြန်လည်မျှဝေ လှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာတွင် ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။






