ရှမ်းရွာသစ်မြို့ ဝါးမီးကလားကျေးရွာတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေး ဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများနှင့် ကလေးငယ်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းရွာသစ်မြို့ မဲလောခီး ကျေးရွာအုပ်စုရှိ ဝါးမီးကလား ကျေးရွာတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။







