တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့တို့၌ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ စတင်ပေးပြီး မြန်မာသံရုံး  (၅)ရုံးတွင်  ကြိုတင်ဆန္ဒမဲ ဆက်လက်ပေး
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် တောင်အာဖရိကနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များသည် ယနေ့တွင် ပရီတိုးရီးယားမြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲ စတင်ပေးကြရာ မဲဆန္ဒရှင်(၉)ဉီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ မဲဆန္ဒရှင်(၁၇)ဉီး လာရောက် ကြိုတင်ဆန္ဒမ ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဖြူခရိုင် ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသူ ၁၀ ဦး ဆေးရုံဆင်းခွင့်ပြု
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦးအား ရောဂါ သက်သာပျောက်ကင်းသဖြင့် ယနေ့ မွန်းလွဲပိုင်းက ဆေးရုံဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း.....
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများပေးအပ်လှူဒါန်း
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ယနေ့နံနက်ပိုင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်မြင့်ထွေး လက်ခံရယူသည်။
နမ္မတူမြို့နယ်ရှိ သက်ကြီးဘိုးဘွား ၂၀၅ ဦးအား ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်ရှိ အသက် (၈၀)နှစ်မှ (၈၅)နှစ်ကြား သက်ကြီးဘိုးဘွား ၂၀၅ ဦးကို  ယမန်နေ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ.....
ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ခိုလန်မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ ကျန်းမာရေးသုံးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းတည့် ၁၂ နာရီက ခိုလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကော်မတီအဖွဲ့အား.....