မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဘုတ်ပြင်းမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်း ကြောင့် ထိခိုက်ခံစားရသော ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သောပစ္စည်းများကို ဘုတ်ပြင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းပိုင် ဦးဆောင်သော ကြက်ခြေနီ စေတနာလုပ်အားရှင် ၂၂ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း အဆိုပါ ရပ်ကွက်/ကျေးရွာ များသို့ သွားရောက်ခဲ့ပြီး လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပဲခူးမြို့ ကလိဆေးရုံကြီးမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၉ ဦး ဆေးရုံဆင်းခွင့်ရ 
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၉ ဦးအား ရောဂါပိုးကင်းစင်သဖြင့် ယနေ့တွင် ပဲခူးမြို့ကလိဆေးရုံကြီးမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
အရာတော်နှင့် ရွှေဘိုမြို့နယ်တို့တွင် စိုက်ပျိုးသီးနှံများ အရည်အသွေးကောင်းမွန်ရေး၊ ရေချွေတာသုံးစွဲနိုင်ရေး ပညာပေးဆွးနွေး 
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် အရာတော်မြို့နယ် တောင်ရိုးကျေးရွာ တောင်သူဦးနိုင်ထူး၏ လျှော်ဖြူနှင့် သနပ်ခါးစိုက်ခင်းများ ကိုလည်းကောင်း၊ သစ်ကျင်းကြီးကျေးရွာ  တောင်သူဦးဖိုးချွန်၏ ရွှေတောင် (၈) ချည်မျှင်ရှည်ဝါနှင့် ပဲစဉ်းငုံ သီးညှပ်စိုက်ခင်းများကို လည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး.....
တာချီလိတ်မြို့နယ်၌ ချောင်းရေမြင့်တက်မှုကြောင့် နေအိမ်များသို့ သဲနုန်းများဝင်ရောက်

နေပြည်တော်  ၄  အောက်တိုဘာ

 

(၁၇) ကြိမ်မြောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး  တက်ရောက်ဆွေးနွေး
(၁၇) ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အွန်လိုင်းမှ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးသည်။
ကိုဗစ်  - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ကုန်စိမ်းရောင်းဝယ်သူများ အရှုံးပေါ် 
မန္တလေးမြို့အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်  - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ကုန်စိမ်းရောင်းသူများ အရှုံးပေါ်လျက်ရှိကြောင်း သရက်တန်းကျေးရွာမှ ကုန်စိမ်းရောင်းချသူ ကိုကျော်စိုးထံမှသိရသည်။