ရန်ကုန်မြို့ရှိ Quarantine စင်တာများနှင့် ဆေးရုံ၊ ဆေးခန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များအား စနစ်တကျ မီးရှို့ဖျက်ဆီး

ရန်ကုန်မြို့ရှိ Quarantine စင်တာများ၊ ဆေးရုံ၊ ဆေးခန်းများနှင့် Semi Lock down သတ်မှတ်ထားသည့် နေရာများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များအား ပတ်ဝန်းကျင်ရှိပြည်သူများ ရောဂါကူးစက်မှုမရှိစေရန်အတွက် စနစ်တကျ သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် “အရာထမ်းငယ် အခြေခံသင်တန်း” များအား Online Learning System ဖြင့် ဖွင့်လှစ်သင်ကြား
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ၂၀၂၀-၂၀၂၁ လေ့ကျင့်ရေးနှစ်အတွက် ဖွင့်လှစ်ရန် ရှိသော သင်တန်းများအနက် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၈၆)ကိုလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် အရာထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ် (၁၁၆) ကိုလည်းကောင်း ယနေ့နံနက်ပိုင်းတွင် Online Learning System ဖြင့် စတင်ဖွင့်လှစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဘုန်းကြီးကျောင်းများသို့  အလှူငွေများ ထောက်ပံ့လှူဒါန်း 
ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တည်ရှိသော ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း.....
ညောင်ဦးပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းတွင် အသုံးပြုရန် အလှူငွေလှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါပြည်သူ့ဆေးရုံကြီး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 
ကြို့ပင်ကောက်မြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေလှူဒါန်း
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအား ၄ ရက်အတွင်း ကြည့်ရှုသူ ၂၄၀၀၀၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၁ ရက်မှစ၍ ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်ကြေညာထားသည့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၄၇၈၄၂၈၈ ဦး၏ အမည်စာရင်းများအား Online နှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများသို့ လာရောက်ကြည့်ရှုသူဦးရေမှာ ၄ ရက်အတွင်း ၂၄၅၉၄၉ ဦးရှိပြီး ၎င်းတို့အနက် ပြင်ဆင်ဖြည့်စွက် လျှောက်ထားသူဦးရေမှာ ၂၀၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
ပျဉ်းမနားမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေး နိုင်ရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုများကို ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။