ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအတွက် စိတ်ခွန်အားမြှင့်တင်ပေးခြင်း သင်တန်းသို့ တက်ရောက် အမှာစကားပြောကြား
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများအား စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးခြင်းနှင့် စိတ်လူမှုစောင့်ရှောက်မှုပေးခြင်း သင်တန်းကို ယနေ့နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
လှိုင်မြို့နယ်တွင် စည်ပင်သာယာဝန်ထမ်းများနှင့် သန့်ရှင်း​ရေးဝန်ထမ်းများအား အလှူရှင်များမှ ဆန်၊ ဆီနှင့် မုန့်များ လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့များက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားခြင်းများ မဖြစ်ပေါ်စေရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်​​ မြေပြင်တွင် ထိ​တွေ့​ဆောင်ရွက်​နေရသူများ အဆင်ပြေစေရန်တို့အတွက်
ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူးက ကာလဒါနအလှူအဖြစ် ငွေကျပ်(၆၇)သိန်းကျော် ထပ်မံလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူးက ကာလဒါနအလှူအဖြစ် ဆန်၊ ဆီနှင့် ကုလားပဲလှူဒါန်းမှုကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာသာရှိသည့် မြန်မာ့ရေချို ငါးမျိုးစိတ်သစ်များကို မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ တွေ့ရှိမှတ်တမ်းတင်နိုင်
မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာသာရှိသည့် မြန်မာ့ရေချို ငါးမျိုးစိတ်သစ်များကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀အပင်အဖွဲ့(မြန်မာ) FFI မှ သိရသည်။
Stay at Home ကာလ အမရပူရမြို့နယ်တွင် အိမ်တွင်းစိုက်ပျိုးမှု များပြားလာ
မန္တလေးမြို့ အမရပူရမြို့နယ်အတွင်း Stay at Home ကာလ အိမ်တွင်းစိုက်ပျိုးမှု များပြားလျက်ရှိကြောင်း သိရသည်။ လက်ရှိကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါသည် အသုံးအစွဲချွေတာရမည်၊ စည်းကမ်းတကျ နေထိုင်ရမည်ကို ပညာပေးသကဲ့သို့ ဖြစ်နေသည့်အတွက် ပြည်သူအများစုမှာ အိမ်နောက်ဖေး ဈေးဆိုင်တည်သည့် စိုက်ပျိုးရေးများကို ပိုမိုလုပ်ကိုင်လာကြောင်း သရက်တန်းကျေးရွာမှ ဒေါ်အုန်းမြိုင်က ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့ အဝင်/အထွက် ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်များနှင့် Quarantine Center များသို့  သွားရောက်ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၁ နာရီက မုံရွာမြို့ အဝင်/အထွက်   ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်များဖြစ်သည့် ကျောက္ကာ၊ မုံရွေး၊ အလုံနှင့် ပြည်တော်သာတို့တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာများနှင့်   လူမှုရေးအသင်း အဖွဲ့များမှ ကူညီဆောင်ရွက်ပေးနေသူများအား လည်းကောင်း