ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ယနေ့ မွန်းလွဲ ၂ နာရီက တာဝန်ရှိသူများနှင့်အတူ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ရွှေ၊ လားရှိုးနှင့်  ရွာငံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက သတင်းအရ ညောင်ရွှေမြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု၊ မိုင်းပျိုး(တောင်)ကျေးရွာအနီးရှိ ဘုရားကျိန်းကျောင်း စက်လှေဆိပ်တွင် နိုင်လင်း(ခ)ရွှေတိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ရေပူကျေးရွာအုပ်စု၊ လွယ်နွဲ့ကျေးရွာရှိ နိုင်လင်း(ခ)ရွှေတိုး၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ကောလင်းမြို့နယ်ရှိ မိုးစပါးမျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များအား ယမန်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လမိုင်းမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက  အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဂွေးသီးပေါ်ချိန်တစ်ပိုင်တစ်နိုင် ဂွေးချဉ်ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ရာသီစာအဖြစ် ဂွေးသီးများကို တစ်ပိုင်တစ်နိုင် ဂွေးချဉ်လုပ်ငန်းလုပ်ကိုင် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေးဒရဲကျေးရွာမှ ဂွေးချဉ်လုပ်ငန်း လုပ်ကိုင်ကြသူများထံမှ သိရသည်။ 
ချောက်မြို့နယ် ညောင်ဇင်ကျေးရွာ၌ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း  ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးမြို့ရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ရောင်းချရမည်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးမြို့ရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။