စလင်းမြို့နယ်အတွင်း ပြေးဆွဲနေသောခရီးသည်တင်မော်တော်ယာဉ်များသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းကိုရှိ/မရှိစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ်အတွင်း ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းကို ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက စလင်းမြို့အဝင်အထွက် စစ်ဆေး ရေးဂိတ်နေရာများတွင် ကြပ်မတ်စစ်ဆေးလျှက်ရှိကြောင်း သိရ
ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေး မိတ္ထီလာမြို့ပေါ်ရှိ စျေးများတွင် ရောင်းချလျက်ရှိသော စျေးသည်များ စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေးနှိုးဆော်ရေး လုပ်ငန်းဆောင်ရွက် 
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရှိ စျေးများတွင် ရောင်းချလျက်ရှိသော စျေးသည်များ  စျေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး ဒေသခံပြည်သူများအား အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ကြားချက်နှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များ ကို ယမန်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတွင်းသို့ လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ ငါးသားပေါက်များ အခမဲ့ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ စီးပွားရေး ပြန်လည်ကုစားမှု အစီအစဉ်အရ ငါးသားပေါက်များ ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းက  ကျုံတနော်အရှေ့ကျေးရွာအုပ်စုရှိ ငါးမွေးတောင်သူများထံသို့ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။
တုံတာမြို့၌ အသက်၁ နှစ်ခွဲမှ ၁၅ နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးနှင့် မမှီလိုက်ကာကွယ် ဆေးထိုးနှံပေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက် ၁ နှစ်ခွဲမှ ၁၅ နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေးနှင့် အမှီလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၈ရက် နံနက် ၉နာရီခန့်က တုံတာမြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
မီးသတ်ရေစုပ်စက်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့

တီးဆီးကျေးရွာအုပ်စု၌ Door To Door စနစ်ဖြင့် မဲစာရင်းစိစစ်ရေး လုပ်ငန်းအဖွဲ့မှတစ်အိမ်တက်ဆင်း မဲစာရင်းစိစစ်ခြင်းလုပ်ငန်းဆောင်ရွက်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းကြေညာရာ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် Door To Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တီးဆီးကျေးရွာ အုပ်စု၌ယမန်နေ့က မဲစာရင်းစိစစ်ရေးလုပ်ငန်း အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။