မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ ကန်နှစ်ဆင့်စုရပ်၌ ကျေးရွာနေပြည်သူများနှင့် Mega Global Green Automation ကုမ္ပဏီတို့ပူးပေါင်း၍ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်၍ အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါကျေးရွာ ရေပေးဝေရေးကော်မတီဥက္ကဌ ထံမှသိရသည်။