ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် မြန်မာဝိုင်အမ်စီအေက ရေသန့်စင်စက်များ၊ ရေတိုင်ကီ၊ ယင်လုံအိမ်သာ၊ အမှိုက်ပုံးများ၊ လက်ဆေးစင်များ၊ အစားအသောက်နှင့် ပစ္စည်းများလှူဒါန်း

ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် ရေသန့်စင်စက်များ၊ ရေတိုင်ကီများ၊ လက်ဆေးဘေစင်များ၊ အစားအသောက်နှင့် ပစ္စည်းများ လှူဒါန်းမှုကို Australian Aid ၏ရန်ပုံငွေ ပံ့ပိုးမှုဖြင့် မြန်မာဝိုင်အမ်စီအေ နှင့် Habitat For Humanity Myanmar တို့ပူးပေါင်းမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင် လျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်)မြေယာ လျော်ကြေးငွေပေးအပ်ပွဲနှင့်ဖြူးမြို့နေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအား ပေါင်းစပ်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်  ကညွတ်ကွင်း မြို့ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရှမ်းမင်းလမ်းကူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူ များနှင့် တွေ့ဆုံပြီး ပြည်သူများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ်များရှိ စာသင်တိုက်ကြီးများသို့  ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်း
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ  ဇောတိကာရုံ ပရိယတ္တိစာသင်တိုက်နှင့် ကန်ဦးဇေတဝန် ပရိယတ္တိစာသင်တိုက်၊  ရန်ကင်း မြို့နယ်ရှိ ပဥ္စနိကာယ သာသနာ့ ဗိမာန်ပရိယတ္တိ စာသင်တိုက်များသို့  ယနေ့တွင် ဝါဆို သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကာတွန်းပညာရှင်များ၊ သရုပ်ဖော်ဒီဇိုင်းနှင့် ဆက်စပ်လုပ်ငန်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းမှ ကာတွန်းပညာရှင်များ၊ သရုပ်ဖော်ဒီဇိုင်းနှင့် ဆက်စပ်လုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။