ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ United States Agency for International Development (USAID) အဖွဲ့နှင့် Video-conferencing စနစ် ဖြင့်ဆွေးနွေး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် " United States Agency for International Development (USAID) ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော ငှက်ဖျားရောဂါ၊ တီဘီရောဂါနှင့် HIV/ AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်း များ၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင် ရွက်ရေးလုပ်ငန်းတို့နှင့် စပ်လျဉ်း၍" အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ USAID မှ တာဝန်ရှိသူများနှင့် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမမှ Videoconferencing စနစ်ဖြင့် ဆွေးနွေးသည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့်ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ယနေ့မွန်းလွဲပိုင်းတွင် အလှူငွေနှင့်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး  လက်ခံရယူသည်။
မြဝတီမြို့၌ ခရီးသွားလုပ်ငန်း အခြေခံပညာသင်တန်း ဖွင့်လှစ်ပေး
ဟိုတယ်နှင့် ခရီးသွားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူဦးစီးဌာန၊ မြဝတီရုံးခွဲ၏ စီစဉ်ကြီးကြပ်မှု၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် လုပ်ငန်းရှင်များ၊ ပုဂ္ဂလိအသင်းအဖွဲ့၏ ပူးပေါင်းပါဝင်မှုတို့နှင့် Covid-19 Relief Package -1 ခရီးသွားလုပ်ငန်း အခြေခံပညာသတင်းတန်းကို မြဝတီမြို့ ငွေစင်္ကြာဟိုတယ်-၂ တွင် သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။