နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

၁၀-၈-၂၀၂၀ ရက်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများစာရင်း
ယနေ့ထုတ်လွှင့်ပြမည့် MRTV အချိန်ဇယား
ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၉၀ ထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၇၃၃ ဦးရှိသွားပြီ

နေပြည်တော် ၂၉ ဩဂုတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် COVID–19  စီးပွားရေး ကုစားမှုအစီအစဉ်အရ အထူးလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှု အကူအညီများပေးအပ်
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ထိခိုက်လွယ်အုပ်စုများ၊ အနာကြီးရောဂါခံစားနေရသူများကို စောင့်ရှောက်နေသည့် ဂေဟာများအတွက် အထူးလူမှုကာကွယ် စောင့် ရှောက်ရေးပံ့ပိုး ကူညီထောက်ပံ့မှုများကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်သွယ် ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဗစ် -၁၉  စီးပွားရေးကုစားမှုအစီအစဉ်အရ ချင်းပြည်နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်များအတွက် ထောက်ပံ့ခြင်းနှင့် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆက်လက်ထောက်ပံ့နိုင်ရေး ညှိနှိုင်းဆွေးနွေး
နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) စီမံချက်အရ ချင်း ပြည်နယ်၊ ဆမီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန် ငွေကြေးထောက်ပံ့ခြင်းနှင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု များအတွက် ဆက်လက်ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။