တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအတွင်း နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူများအား ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်း၌ ဩဂုတ် ၂၆ ရက် နံနက် ၈ နာရီက နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူ ဦးဦးမောင်ခင်ပါ ၅၈ ဦးအားလည်းကောင်း၊ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်း၌ နံနက် ၉ နာရီခွဲက နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေသူ ဦးဝင်းအောင်ပါ ၃၃ ဦးအားလည်းကောင်း။
၂၀၂၀-၂၀၂၁ ခုနှစ်၊ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းနှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ
၂၀၂၀-၂၀၂၁ ခုနှစ်၊ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်းနှင့် ပင်လယ်ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပသည်။  
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Mr. Newin Sinsiri နှင့်  Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Mr. Newin Sinsiri နှင့် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။