ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် 2020 ASEAN Leadership & Partnership Forum သို့ Virtual စနစ်ဖြင့် တက်ရောက်
2020 ASEAN Leadership & Partnership Forum ကို ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ Virtual စနစ်ဖြင့်ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပါဝင်တက်ရောက်သည်။
ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၌ တာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်းများ စစ်တွေမြို့သို့ရောက်ရှိ
ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ၌ တာဝန်ထမ်းဆောင်မည့် နိုင်ငံအနှံ့မှ စေတနာ့ဝန်ထမ်း လူငယ် ၂၅ ဦးသည် ယနေ့ ညနေ ၄ နာရီ မိနစ် ၅၀ က မြန်မာအမျိုးသားလေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
ပုဗ္ဗသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဈေးသည်များနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို...
လားရှိုးမြို့တွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီက မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူများအား တိုက်ခန်းနေရာများ မဲနှိုက်ချထား
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင်ရွက်သည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းဝယ်ယူခွင့်ရရှိသူများကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ရှိ မြို့တော်ခန်းမတွင် တိုက်ခန်းနေရာများ မဲနှိုက်ချထားပေးခဲ့သည်။ 
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၁၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၁၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။