မိုင်းဆတ်မြို့၌ ကလေး(၈၃၉)ဦးအား ဆုံဆို့နာရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆုံဆို့နာရောဂါကပ်အသွင်ဖြစ်ပွားနေသဖြင့် ရောဂါဖြစ်ပွားခဲ့သည့် ရပ်ကွက်နှင့်ကျေးရွာတို့တွင် အသက်(၁၅)နှစ်အောက်ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ထိ ကလေး(၈၃၉)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။







