စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီခွဲက မုံရွာမြို့ ချင်းတွင်းမြစ်ရေတက်လာမှုကြောင့် အလုံဆိပ်ကမ်းနှင့် မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း နားလမ်း တစ်လျှောက်ရှိ တာဘောင်များ ကျိုးပေါက်မှုမရှိစေရေးအတွက် ကြံ့ခိုင်မှု ရှိမ/ရှိ အခြေအနေများနှင့် သလ္လာဝတီဆိပ်ကမ်း၊ နန်ချွန်ကူးတို့ဆိပ်ကမ်း၊ ဇက်ဆိပ်ကမ်းတို့တွင် ခရီးသည်များအတွက် မြစ်ရေတက်ချိန်တွင် အန္တရာယ်ကင်းရှင်းစွာ သယ်ယူပို့ဆောင်ပေးနေမှု အခြေအနေများ၊ အိုးဘိုတောင်ရပ်ကွက် (၁၀)ပေါက်ရေထိန်းတံခါး၊ နဂါးတွင်းကျေးရွာ (၅)ပေါက် ရေထိန်းတံခါး ခိုင်ခံ့မှုအခြေအေနများနှင့် ရေကင်းဂိတ်(၂၅)ခုချထားမှုတို့အား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်သူများသွားလာမှု အဆင်ပြေချောမွေ့စေရေးကို အထူးအလေးထား၍ ဆောင်ရွက် ကြရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အားလုံးပူးပေါင်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ