တစ်လမ်းမောင်း အင်းစိန်ရထားလမ်းခုံးကျော်တံတားသစ် လက်တက်ထိုး တည်ဆောက်မှု အောက်တိုဘာလကုန်တွင် ယဉ်များဖြတ်သန်းသွားလာနိုင်မည်
ရန်ကုန်မြို့ အင်းစိန်ရထားလမ်းခုံးကျော်တံတား အမှတ်-၂ ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က တည် ဆောက်ခဲ့ရာ ဗဟိုလမ်း-မင်းကြီးလမ်းနှင့် အင်းစိန်ဈေးလမ်း-လမ်းသစ်လမ်းတို့ဆုံရာ လမ်းစုံကို ဖြတ်သန်းတည်ဆောက်ထားပြီး ထိုတံတားပေါ်မှ အင်းစိန်ဆေးရုံနှင့် အင်းစိန်(GTI)သို့ သွားလာရန် တံတားလက်တံမရှိသောကြောင့် အများပြည်သူသွားလာမှု လွယ်ကူချော့မွေ့စေရန် တစ်လမ်းမောင်း အင်းစိန်ရထားခုံးကျော်တံတားသစ်(မင်းကြီးလမ်းဘက်ခြမ်း)ကို တည်ဆောက်လျက်ရှိရာ အောက်တိုဘာလကုန်ပိုင်းတွင် ယာဉ်များဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင်နီယာဌာနမှ သိရသည်။



