ထီချိုင့်မြို့နယ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်

ငါးသယံဇာတ တိုးပွားစေရန်နှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုး စိုက်ထူခြင်းအခမ်းအနားအား ယနေ့နံနက် ၈  နာရီက ထီးချိုင့်မြို့ အမှတ်(၃) ရပ်ကွက် ဘုရား(၄) ဆူဆိပ်ကမ်းတွင် ကျင်းပသည်။ 
ယင်းမာပင်ခရိုင်အတွင်းရှိ ဂရန်အင်းများအတွင်း ငါးမျိုးများစိုက်ထည့်ခြင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်နိုင်ရန်အတွက် ငါးမျိုးများလွှဲပြောင်းပေးအပ်ခြင်းကို ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက ယင်းမာပင် ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပ
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လှည်းကူးတွင်  တည်ဆောက်ထားသော  နိုင်ငံတကာအဆင့်မီစစ်ဆေးနိုင်သည့် ရော်ဘာဓာတ်ခွဲခန်းမှ ထောက်ခံချက်များ ထုတ်ပေးနိုင်တော့မည်
လှည်းကူးတွင် တည်ဆောက်ထားသော နိုင်ငံတကာအဆင့်မီစစ်ဆေးနိုင်သည့် ရော်ဘာဓာတ်ခွဲခန်းမှ ထောက်ခံ ချက်များ ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။
ရွှေလူကုန်း-နောင်ကိုင်း ကျေးရွာချင်းဆက်ကြိုးတံတား ဆောင်ရွက်ပြီးစီး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်)စက်ဝန်းတွင် ဆောင် ရွက်ခဲ့သော ရွှေလူကုန်း-နောင်ကိုင်း ကျေးရွာချင်းဆက် ကြိုးတံတားကို ဩဂုတ်လ တတိယအပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။
တစ်လအတွင်း YPS Payment Card လေးသောင်းကျော် ရောင်းချထားပြီးဖြစ်
တစ်လအတွင်း YPS Payment Card လေးသောင်းကျော် ရောင်းချထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။
ရသစာတမ်း(အက်ဆေး) ဖွံ့ဖြိုးရေး စာပေစကားဝိုင်း အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့် 
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက စီစဉ်ကျင်းပသည့် စာပေဗိမာန် ၇၃ နှစ်ပြည့်အထိမ်းအမှတ် ရသစာတမ်း(အက်ဆေး) ဖွံ့ဖြိုးရေး စာပေစကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ခန်းမဆောင်၌ ကျင်းပသည်။