ကိုဗစ်-၁၉ ရောဂါအပါအဝင် ရောဂါကာကွယ်ရေးဆောင်ရွက်မှုများတွင် ကြက်ခြေနီမှ ပူးပေါင်းဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကိုဗစ်-၁၉ ရောဂါအပါအဝင် ရောဂါကာကွယ်ရေး ဆောင်ရွက်မှုများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်အတူ စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။







