ပုလဲမြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု ၃၂,၇၁၅ စုအတွက် ထောက်ပံ့ငွေ ကျပ်၆၅၄,၃၀၀,၀၀၀ သိန်းအား ပြည်သူ့လက်ဝယ်အရောက် ပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို စတုတ္ထအကြိမ် ထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ ကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင် ထံမှသိရှိရသည်။







