COVID-19 Economic Relief Plan(CERP) အရ လင်းခေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစပါးထုတ်လုပ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစပါးထုတ်လုပ်ရေးလုပ်ငန်း တောင်သူများထံသို့ ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။








