ဖားကန့်၌ သုံးနှစ်အတွင်း ဥရုချောင်းရေ စံချိန်တင်မြင့်တက်ပြီး မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ သုံးနှစ်အတွင်း ဥရုချောင်းရေ စံချိန်တင်မြင့်တက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး ဥရုချောင်းဖျား ကံဆီးဒေသ၌ သြဂုတ် ၁၇ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၉ ပေ အမြင့်ထက်ကျော်လွန်ကာ မနေ့က ၁၀ ပေအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ရှင်ဗွေယန်မြို့အထွက် ၉ မိုင် တောင်ကြားလမ်းတွင် တောင်ကမ်းပါးပြိုကျမှု ဖြစ်ပွား
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့နှင့် (၉)မိုင်ခန့်အကွာ လီဒိုလမ်းမကြီး ရှင်ဗွေယန်-နန်းယွန်း တောင်ပေါ်တက်ရာလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၁၈ ရက် နံနက် ၁၀ နာရီက တောင်မြေ ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကူးစက်နိုင်သော ရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မကူးစက်နိုင်သောရောဂါများ စောင့်ရှောက်ကုသခြင်း လုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။