ငါးရရှိမှု နည်းပါးခြင်းကြောင့်  ကသာမြို့မှ ငါးချဉ်လုပ်ငန်းလုပ်ကိုင်သူများ  အခက်အခဲကြုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် မိသားစုဝင်ငွေရရှိရန်အတွက် ငါးချဉ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ယခုနှစ်တွင် ငါးရရှိမှုနည်းပါးခြင်းကြောင့် ယခင်နှစ်ထက် လုပ်ငန်း အဆင်ပြေမှုမရှိကြောင်း ငါးချဉ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
အမာမြို့ ဂေါ်ဒူကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမြင့်တက်မှုကြောင့် လူနေအိမ်(၁၀)လုံး ပြိုကျပျက်စီး
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု၊ဂေါ်ဒူကျေးရွာတွင်​​ သြဂုတ် ၃ ရက် မွန်းလွဲပိုင်းမှစတင်ကာ  ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ ယခုအချိန်ထိလူ​နေအိမ် (၁၀)လုံးခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
ဇလွန်မြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၁၄ လုံးအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၁၄ လုံးရှိ အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၀−၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းကို ပုလောမြို့ ၌ ဒုတိယအကြိမ် ဖွင့်လှစ်
တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့နယ် ၂၀၂၀−၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်း ဒုတိယအကြိမ် ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပုလောမြို့ အမက (၇) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash for Work စီမံကိန်းကို လုပ်ငန်းခွဲ(၁၅)ခုဖြင့် ဆောင်ရွက်နေ
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေများရရှိစေရန် Cash for Work စီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်လျက်ရှိရာ တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် လုပ်ငန်းခွဲ (၁၅)ခု ကို အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း တမူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာခင်၏ ပြောကြားချက်အရ သိရသည်။
ပင်လောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက်ရှိ
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်းများ၌ အချက်အလက်များ မှန်ကန် ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှုပြီး
ဧရာဝတီမြစ်ရေတက်၍ မြို့နယ်(၇) မြို့နယ်၌ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကြုံနေ
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၇)ခု၌ ဧရာဝတီမြစ်ရေတက်၍ ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၄ ရက် အထိ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကြုံကာ ယာယီရွှေ့ပြောင်းနေထိုင်မှုများရှိနေပြီး ကူညီထောက်ပံ့မှုများ လုပ်ဆောင်ထားကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။