ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာလောင်ကျွမ်းနေတဲ့ တောမီးကြောင့်  ထောင်ချီတဲ့ ဒေသခံတွေ ရွှေ့ပြောင်းခံရ

ပြင်သစ်နိုင်ငံ တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းနေတဲ့ မာဆေးမြို့ အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ခင်း ဟက်တာ ၁,၀၀၀ (၂,၅၀၀ ဧက)  ပျက်စီးခဲ့ကြောင်းနဲ့ ဒေသခံ ၂,၇၀၀ နီးပါးကို ရွှေ့ပြောင်း ပေးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူမှုအားမာန်အဖွဲ့များဖွဲ့စည်း 
ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏(၂/၂၀၂၀)လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လူမှုအားမာန်အဖွဲ့များ(Inclusive Seft-Help Group)ဖွဲ့စည်းခြင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဉက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်ခဲ့သည်။
မော်လမြိုင် (၁၀) မြို့နယ် ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများကို ကျန်းမာရေးစစ်ဆေး
မွန်ပြည်နယ် မော်လမြိုင်(၁၀)မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများထဲမှ ၁၂၅ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ရာ Community Based Facility Quarantine ကွပ်ကဲရေး တာဝန်ရှိသူများ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဘိုဘိုဝင်း(Rescue) အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့သားများ ကူညီဆောင်ရွက်ကြောင်း သိရသည်။
မြင်းခြံမြို့နယ်၏ မဲဆန္ဒရှင်စာရင်းကို  ပုံစံ(၃) ဖြင့် လျှောက်ထားသူ ၅၁၀  ရှိ
၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာ ၈ ရက်တွင် ကျင်းမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြင်းခြံမြို့နယ်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ထုတ်ပြန်ကြေညာထားရာ ဩဂုတ် ၄ ရက်အထိ မြင်းခြံမြို့နယ်တွင် မဲစာရင်းမပါသဖြင့် ပုံစံ(၃) ဖြင့် လာရောက်လျောက်ထားသူ (၅၁၀) ရှိပြီဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြဝတီမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားမှုအပေါ် မှားယွင်းမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ သိရှိ နားလည်စေရန် မြဝတီမြို့နယ်အတွင်းရှိ အမည်စာရင်း ကပ်ထားကြေညာထားရှိမှုအပေါ် မှားယွင်းမှု မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက   မြဝတီခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထီးလင်းမြို့နယ်၌ မျိုးစေ့ထုတ်လုပ်ရန် ဆင်းသုခစပါး ဧက ၂၀၀ စိုက်ပျိုးမည် 
ထီးလင်းမြို့နယ်တွင် ဆင်းသုခစပါးကို မျိုးစေ့ထုတ်စပါးအဖြစ် ဧက ၂၀၀ စိုက်ပျိုးရန် လျာထားကြောင်းနှင့် အဆိုပါစပါးမျိုးကို အကြည်ဝါးဘင်းကျေးရွာ၌ ဧက(၂၀၀) စိုက်ပျိုးမည်ဖြစ်ကာ (၈၅) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့လာသော ကျေးရွာများမှ နွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှု ကြောင့် ပြောင်းရွှေ့လာကြသော ကျေးရွာများမှ နွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။