ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းအိမ်ရာများနှင့် ပိန္နှဲတောဓာတ်အားခွဲရုံတို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ပိုးသတ်ဆေးဖြန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ဝန်ထမ်းအိမ်ရာများနှင့် ပိန္နှဲတောဓာတ်အားခွဲရုံ တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးပက်ဖြန်းခြင်းကို ယနေ့ ညနေ ၅ နာရီက မြို့နယ် မီးသတ်ဦးစီးဌာန အကူအညီဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။