ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စေတနာရှင်များ ပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ ချုပ်လုပ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှုရှင်များပူးပေါင်း၍ ဧပြီ ၁၈ ရက်နေ့မှ စတင်၍ နှာခေါင်းစီး (Mask) များ ချုပ်လုပ်နေကြောင်း သိရ
မကွေးတိုင်း၌ ရေလိုအပ်သည့် ဒေသများအတွက် ရေဂါလန်သုံးသိန်းကျော်လှူဒါန်း
၂၀၂၀ ခုနှစ် နွေရာသီကာလ၌ မကွေးတိုင်းဒေသကြီးရှိ ခရိုင်(၄)ခု၊ မြို့နယ်(၁၁)မြို့နယ် ၊ကျေးရွာ(၃၄)ရွာ ၊ အိမ်ခြေ(၃၇၁၂)အိမ် ၊ လူဦးရေ(၁၁၁၂၀)ဦးတို့အတွက် သောက်သုံးရေဂါလန်သုံးသိန်းကျော် ( ၃၀ဝ၅၇၀ ဂါလန်)ကို ဖြန့်ဝေလှူဒါန်းပြီးဖြစ်ကြောင်း တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရ
ကိုရီးယားသမ္မတနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု အတွေ့အကြုံများ ဝေမျှမှု webinar စနစ်ဖြင့်ပြုလုပ်သည့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် အဖွင့်အမှာစကားပြောကြား

နေပြည်တော်  ၁၈  ဧပြီ

 

ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းသူ အသင်းအဖွဲ့များစုပေါင်းကာ အငှားယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် အငှားယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ရဲဘော်ဟောင်းမှတ်တိုင်အနီး၌ ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းသူ အသင်းအဖွဲ့များစုပေါင်း ပြုလုပ်ကြသည်။ 
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ည ၈ နာရီ သတင်းထုတ်ပြန်ချက်
၁။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ စောင့်ကြည့် လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၈၈၀) ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ (၉၄)ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၇၈၆) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ 

နေပြည်တော်  ၁၈  ဧပြီ