ဘိုကလေးမြို့နယ်တွင် အခြေခံလူတန်းစားများအား စားသောက်ကုန်ပစ္စည်း(၅)မျိုး တစ်ဦးချင်းစနစ်ဖြင့် စနစ်တကျ ဖြန့်ဝေပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလဖြစ်သည့်အပြင် မဟာသင်္ကနြ်ကာလဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များအား ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် အခမဲ့ဝေငှ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင် ဘိုကလေးမြို့၊ အမှတ်(၄)ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစား (၂၇၅) ဦးတို့အား အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။