ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစတင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ္မမြို့ စားသုံးသူပြည်သူများအတွက် စားသောက်ကုန် ကုန်စိမ်းများလှူဒါန်း
ပခုက္ကူမြို့နယ်၊ ကမ္မမြို့ စားသုံးသူ ပြည်သူများအတွက် ဧပြီ  ၁၆ ရက် နံနက် ၆ နာရီက ကမ္မမြို့အုပ်ချုပ်ရေးမှူးရုံးသို့  စားသောက်ကုန် ကုန်စိမ်းများလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ် -၁၉ ရောဂါပိုး အတည်ပြုလူနာ (၁၇) ဦး ရှိပြီးဖြစ်၍ ထပ်မံမဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုး အတည်ပြုလူနာ (၁၇) ဦးရှိပြီဖြစ်၍ ထပ်မံမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့သည် မုဒုံမြို့နယ်ရှိ သီးခြားစောင့်ကြည့်ရေးစခန်းသို့ လာရောက်ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် အဖွဲ့တို့သည် မုဒုံမြို့နယ်၊ မြို့မ (၃) ရပ်ကွက်ရှိ အ.ထ.က (၃) မုဒုံကျောင်းရှိ Community Base Facility Quarantine သို့ ယနေ့နံနက် ၁၀ နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန် ငါးမျိုး ထောက်ပံ့

တာမိုးညဲ  ၁၆  ဧပြီ  

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လေပြင်းတိုက်ခတ်မှုများဖြစ်ပွား
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်း ကျေးရွာ၌ ဧပြီ ၁၅ ရက် ညနေ ၄ နာရီခွဲတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁ လုံး အမိုးလန်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများ ပြေးဆွဲခြင်းမရှိဘဲ တက္ကစီများသာ ပြေးဆွဲပေး
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉  ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက်  သင်္ကနြ်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း အိမ်ထဲမှာနေထိုင်ကြရန် သတ်မှတ်လိုက်ပြီးနောက်ပိုင်း ဒလမြို့နယ်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် ဧပြီ ၁၁ ရက်နေ့မှ စတင်ပြီး ယနေ့အချိန်ထိ ပြေးဆွဲခြင်းမရှိဘဲ တက္ကစီကား အစီးရေ(၂၀)ခန့်ဖြင့် ခရီးသွားမိဘပြည်သူများ အဆင်ပြေစေရေးအတွက် ခရီးသည်အနည်းကိုသာ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ဒလမြို့နယ်ရုံးခွဲမှ သိရသည်။