ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပဲခူးဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများအား အာဟာရပြည့် နေ့လယ်စာ စားသုံးနိုင်ရေးလှူဒါန်း

ပြည်သူမှပြည်သူသို့ အစီအစဉ်အရ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆရာဝန်များ၊ သူနာပြုများနှင့်ဝန်ထမ်းအင်အား(၁၅၀)ခန့်အတွက် အာဟာရပြည့် နေ့လယ်စာ စားသုံးနိုင်ရေးအတွက်  အလှုရှင်ပြည်သူများမှ ယမန်နေ့ မွန်းလွဲပိုင်းက အလှူငွေများ လှူဒါန်းပေးခဲ့ကြ
နောင်တရားမြို့နှင့် ကျေးရွာများ၌ နောင်တရားဒေသလူငယ်များ ပရဟိတအဖွဲ့က ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်း
ပင်လောင်းမြို့နယ် နောင်တရားမြို့နှင့် ကျေးရွာများ၌  ခွန်အောင်ထွန်းလေးမှ ဦးဆောင်သော နောင်တရားဒေသလူငယ်များ ပရဟိတအဖွဲ့များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အရေးကြီးသည့် အများပြည်သူသွားလာမှုများပြားသော ဘုန်းတော်ကြီးကျောင်း၊ လမ်းများ၊ ကျေးရွာများနှင့် အိမ်များ၊ ဈေးဆိုင်များတွင် ပိုးသတ်ဆေးဖျန်းခြင်းကို ဧပြီလ ၄ ရက်နေ့မှ ယနေ့အထိ နေ့စဉ်ရက်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရ
မကွေးမြို့ မင်္ဂလာဈေးမှ လူထူထပ်လွန်းသည့် အခွန်လွတ်ဈေးကို မြသလွန်ဘုရားကွင်းသို့ရွှေ့မည်
မကွေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူထူထပ်လွန်းသော မင်္ဂလာဈေးရှိ အခွန်လွတ်ဈေးကို မြသလွန်ဘုရားကွင်းသို့ ဧပြီ ၁၈ ရက် နံနက် ၄ နာရီတွင် စတင်ပြောင်းရွှေ့ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးဖိုးနီထံမှ သိရ
မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာလတွင် ယာယီ ပျံကျဈေး အဖြစ်အသုံးပြုဆောင်ရွက်သွားမည်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချခြင်းများ ကို ခေတ္တယာယီပိတ်ထားချိန်၌ မင်းဘူးမြို့ခရိုင်အားကစားကွင်းအား ယာယီပျံကျဈေးအဖြစ် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး သွားရောက် စစ်ဆေးခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ ထံမှ သိရှိရ
အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်၌ ပရဟိတအဖွဲ့များပူးပေါင်းကာ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် ရပ်ကွက်များအတွင်းရှိ လမ်းများ၌ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို ယနေ့ညနေပိုင်းက လူထုအခြေပြု ပရဟိအဖွဲ့ဖြစ်သော We Love Yangon နှင့် ပရဟိတ အဖွဲ့များပူးပေါင်းကာ ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်ရှိ တောင်သူကုန်းရပ်ကွက်၌ ဆောင်ရွက်ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးရန် လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့များအား ပြည်ထောင်စုဝန်ကြီး လက်ခံတွေ့ဆုံ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးရန် မြန်မာနိုင်ငံသို့ (၈-၄-၂၀၂၀) ရက်နေ့မှ စတင်ရောက်ရှိခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် (၁၂) ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူမည့် အန္တရာယ်ကင်း ပရိတ်တရားတော်ကို မြန်မာ့ရုပ်မြင်သံကြား(MRTV)နှင့် မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ ထုတ်လွှင့်မည်

နေပြည်တော်   ၁၆  ဧပြီ