စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် သီတဂူသာသနာပြုအဖွဲ့၏ ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ ပဲ သီတဂူ နှစ်ဦးအလှူတော်ပွဲသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး ဉပဒေချုပ် ဉီးခင်မောင်လှနှင့်အတူ စစ်ကိုင်းခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ များ လိုက်ပါ၍ ယနေ့ နံနက် (၈)နာရီက စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ သီတဂူ ဝိပဿနာ အကယ်ဒမီကျောင်း၌ သီတဂူဆရာတော် အရှင်ဉာဏိဿရ အမှူးပြုသော သီတဂူ သာသနာပြုအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့ မလွန်ဈေး ဆန်အလှူအသင်းကြီး တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော စစ်ကိုင်း မင်းကွန်း မင်းဝံတောင်ရိုးကြီးသုံးရပ်ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားရိပ်သာ၊ ပရဟိတဂေဟာ၊ အမျိုးသမီးဂေဟာ၊ မသန်စွမ်းဂေဟာတို့အား ဆန်၊ဆီ၊ဆား၊ကြက်သွန်၊ပဲ လှူဒါန်းပွဲသို့ တက်ရောက်လှူဒါန်းခဲ့
ကျောက်ကြီးမြို့နယ်၌ အခြခံစားသောက်ကုန်ပစ္စည်းငါးမျိုး အိမ်အရောက်ထောက်ပံ့မှုအား ကြက်ခြေနီ တပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်
ပဲခူးတိုင်းဒေကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကူညီသော အခြေခံစားသောက်ကုန် ပစ္စည်းငါးမျိုးတို့ကို အိမ်အ‌ရောက်ထောက်ပံ့မှုအား ဧပြီ ၁၁ ရက်နေမှ စတင်ပြီးဖြန့်ဝေးပေးလျက်ရှိရာ ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်  ကြက်ခြေနီတပ်ဖွဲ့ တို့မှ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရ
ကျွန်းစုမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၂၄၂၁၃)စုအတွက် ပဲနှင့် ကြက်သွန်နီများ ကျေးရွာများသို့ ဖြန့်ဖြူးပို့ဆောင်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကာလ မဟာသင်္ကနြ်ရုံး ပိတ်ရက်ရှည် ကာလအတွင်း ထောက်ပံ့ကူညီမှု(၅)မျိုးကို တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် အတွင်းရှိ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၄၂၁၃)စုအတွက် ထောက်ပံ့ ကူညီပေးနိုင်ရန် ကျွန်းစုမြို့နယ် ထုပ်ပိုး၊ ပို့ဆောင်၊ ဖြန့်ဖြူး ရေး အဖွဲ့က ဧပြီလ(၁၆)ရက် နံနက်ပိုင်းတွင် မြိတ်မြို့၌ ရရှိသော ထောက်ပံ့ကူညီမှု(၅)မျိုးမှ ပဲနှင့်ကြက်သွန်နီများကို ကျေးရွာများသို့ စနစ်တကျ ထုပ်ပိုး၊ သယ်ယူ၊ ပို့ဆောင်ဖြန့်ဖြူးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၉၈ ဦးအား လွတ်ငြိမ်းခွင့်ပေး
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျ ခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၂၄၈၉၆) ဦးအား ဧပြီလ ၁၇ ရက်က လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ရာ မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား ၉၈ ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရ
လွိုင်လင်မြို့နယ်တွင် ပင်စင်စားများအား ပင်စင်ထုတ်ယူမည့်ရက်သတ်မှတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီမှ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူကြမည့် ပင်စင်စားများအတွက် ပင်စင်ထုတ်ယူရန် ရက်စွဲများကို ဧပြီလ ၁၆ ရက်က အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၂၀)ဖြင့်  မေတ္တာရပ်ခံ ပန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း သိရ
မိုင်းယောင်း၌ ကျန်းမာရေးဝန်ထမ်းများအား နေ့လယ်စာအတွက် ရက်အကန့်အသတ်မရှိ ထောက်ပံ့ လှူဒါန်း
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်း များအား အမှတ်(၄) ရပ်ကွက် “မိုင်းယောင်းစားသောက်ဆိုင်”မှ နေ့လယ်စာအတွက် ရက်အကန့်အသတ်မရှိ ထောက်ပံ့ လှူဒါန်းပေးကြောင်း သိရ
တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ချင်းပြည်နယ် တီးတိန်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  တီးတိန်မြို့ အဝင်အထွက်(၅)နေရာတွင် လက်ဆေးကန်များထားရှိပြီး ခရီးသွားပြည်သူများ လက်ဆေးခြင်း၊ မှတ်တမ်းရယူခြင်း၊ အပူချိန်တိုင်းပေးခြင်းများကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရ