ပုသိမ်မြို့အကျဉ်းထောင်မှ အကျဉ်းသား ၃၄၁ ဦး နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ အကျဉ်းထောင်/ စခန်းအသီးသီးရှိ အကျဉ်းသား/ အကျဉ်းသူများ အား စည်းကမ်း သတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလျက်ရှိရာ ယနေ့ နေ့လည်တွင် ပုသိမ် အကျဉ်းထောင်မှ အကျဉ်းသား(ကျား) ၃၂၆ ဦး၊ (မ) ၁၅ ဦး အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့