ပန်းတနော်မြို့နယ်တွင် မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၅)လုံး ယာယီ ပြောင်းရွှေ့
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု အထက် ကဇင်းတော ကျေးရွာတွင် သြဂုတ် ၄ ရက် နံနက် ၁၁ နာရီက မြစ်ရေတိုက်စား မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၁၅)လုံးအား အန္တရာယ်လွတ်ကင်းမည့် နေရာများသို့ ယာယီပြောင်းရွှေ့ ပေးခဲ့ကြောင်း သိရ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုဘိုင်းယာဉ်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုဘိုင်းယာဉ်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ရန်အောင်ဈေးတွင် ဖြန့်ဝေပေးခဲ့
ဂျိုင်းမြစ်ရေမြင့်တက်လာမှုကြောင့် Pontoon ramp အတက်အဆင်းလမ်းကို တစ်ဖက်လျှင် ပေ ၈၀ စီ တပ်ဆင်
မိုးသည်ထန်စွာရွာသွန်းပြီး ဂျိုင်းမြစ်ရေမြှင့်တက်လာသည့်အတွက် ဘားအံ-ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်တွင်ရှိသည့် ဂျိုင်းမြစ်ကူး Pontoon ramp အတက်အဆင်းလမ်းကို ယနေ့ နံနက်ပိုင်းမှစ၍ တစ်ဖက်လျှင် ပေ ၈၀ စီ စုစုပေါင်း ပေ ၁၆၀ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ကားလမ်းမပေါ် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုခေတ္တဖြစ်ပွား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းပြီး ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ်ကားလမ်း မိုင်းခုတ်မြို့နှင့်ရှုခင်းသာ(၁)ရွာကြား ကားလမ်းမပါ်သို့ အချင်းနှစ် ပေခန့်ရှိ ဒေသအခေါ် စက္ကူသစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှု ခေတ္တဖြစ်ပေါ်ခဲ့‌ကြောင်း သိရ
ကျိုက်မရောမြို့နယ်၌   မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများသို့ ရေဝင် ရောက်လျက်ရှိ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ သြဂုတ် ၂ ရက် နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဦးလေးကျေးရွာ၊ ငပြေမကျေးရွာနှင့် ကဒါကျေးရွာ ကြက်ဖတံတား အထိ  အနိမ့်ပိုင်းကျေးရွာများတွင် အိမ်ခြေ (၁၇၀)ခန့်တွင် ရေတစ်ပေခွဲစီ ဝင်ရောက်လျက်ရှိကြောင်း သိရ