မြင်းမူမြို့တွင် အခြေခံလူတန်းစား ပြည်သူများအား စားသောက်ကုန်ပစ္စည်း (၅)မျိုး ဖြန့်ဝေပြီးစီး

အခြေခံလူတန်းစား ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်လျက်ရှိသော အခြေခံစားသောက်ကုန် ပစ္စည်းများကို ဧပြီ ၁၂ ရက်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် စနစ်တကျ ထောက်ပံ့ပေးအပ်လျက်ရှိရာ
ကရင်ပြည်နယ်ဝန်ကြီးချုပ် ရပ်ကွက်နှင့် ကျေးရွာများတွင် အ‌‌ခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးပြီး ထပ်မံရောက်ရှိလာမည့် နေရပ်ပြန်များအတွက် Quarantine စခန်းများအား ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်အတွင်း Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ တစ်ပြည်နယ်လုံးကို ဧပြီ ၁၀ ရက်မှ စတင်ကာ ဖြန့်ဝေပေးနေလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည်
ငရုတ်ကောင်းမြို့ရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု ၃၆၅၃ အတွက် အခြေခံစားသောက်ကုန်များ ခွဲဝေပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ (COVID-19) ထိန်းချုပ်ရေးအတွက် နိုင်ငံ တော်အစိုးရ၏ ပံ့ပိုးမှုဖြင့် သင်္ကြန်ကာလအတွင်း ငရုတ်ကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန် ၅ မျိုးကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ
ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံစားကုန်များ အိမ်အရောက်ဖြန့်ဝေလျက်ရှိ
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အခြေခံ စားကုန် (၅)မျိုးကို အိမ်အရောက်ဖြန့်ဝေပေးလျက်ရှိရာ ချင်းပြည်နယ် ဟားခါးခရိုင်၊ ထန်တလန် မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု (၄၁) စု၊ ကျေးရွာပေါင်း(၈၅) ရွာတွင် နေထိုင်ကြသော အိမ်ထောင်စု များအတွက် ဧပြီလ ၁၅ ရက်နေ့တွင် အိမ်အရောက်ဖြန့်ဝေခဲ့ကြကြောင်း သိရှိရ
တနင်္သာရီမြို့နယ်အတွင်း  လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်အတွက်၊ ထောက်ပံ့ ငွေနှင့် ဆန်ဖိုးငွေပေးအပ်
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဧပြီလ ၁၃ရက် ညနေ၆နာရီခွဲခန့်က မိုးသည်းထန် စွာ ရွာသွန်းမှု နှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော အရှေ့မော်တုန်းကျေးရွာ အုပ်စု - အရှေ့မော်တုန်းရွာနေ ဦးသားချို၏ နေအိမ်အတွက် ဧပြီလ ၁၄ရက် နံနက်ပိုင်းက တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဦးကျော်ဆန်းက အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေ တစ်သိန်းကျပ်၊ ဆန်ဖိုး(၇)ရက်စာထောက်ပံ့ငွေ မိသားစုဝင်သုံးဦးအား ငွေကျပ် (၆၃၀ဝ)နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုးပါဝင်သည့် သေတ္တာပုံးတစ်လုံးတို့ကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ (ကိုယ်စား) တပ်ဖွဲ့ဝင် ဆန်းလင်းထိုက်နှင့် တပ်ဖွဲ့ဝင်(၃)ဦးတို့မှ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်း (တစ်လစာအတွက်)တစ်ပုံး၊ အမျိုးသမီးများ ဂုဏ်သိက္ခာထိန်း ပစ္စည်းတို့ကို လည်ကောင်း အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရှိရ
ရေရှားပါးသည့် လဲလူကုန်းကျေးရွာသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ရေရှားပါးသည့် လဲလူကုန်းကျေးရွာမှ ပြည်သူများနှင့် ကျွဲ၊နွား တိရစ္ဆာန်များ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဟန်၏လှူဒါန်းမှုအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ သောက်သုံးရေဂါလန် ၁၈၀ဝ အား ယနေ့ နံနက်က ကျေးရွာအရောက် သွားရောက်လှူဒါန်းခဲ့ကြ
မြဝတီမြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၃၅၀ဝ အတွက် အခြေခံစားသောက်ကုန်များ ဆက်လက် ထောက်ပံ့ပေးလျက်ရှိ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့်သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် အခြေခံစားသောက်ကုန် (၅)မျိုးအား ဧပြီလ ၁၀ ရက်နေ့မှစတင်ပြီး အိမ်တိုင်ရာရောက် ထောက်ပံ့ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ ဧပြီလ ၁၅ နေ့ တွင် အိမ်ထောင်စု ၃၅၀ဝ စုအား ဆက်လက် ဖြန့်ဝေပေးခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရ