ကိုဗစ် (၁၉) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေစဉ် ကာလ အတွင်း  ရိခေါ်ဒါရ် ပျံကျဈေးအား တစ်ပတ်လျှင် သုံးရက်ဖွင့်လှစ်ပေးရန် စီစဉ်ထား

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ် (၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးကာကွယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ရပ်ကွက်လူငယ်အဖွဲ့ဝင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ ဒေသဆိုင်ရာ ဌာန ဆိုင်ရာများ၏ နှိုးဆော်ချက်များနှင့် ကျန်းမာရေးဌာန၏ အကြံပြုချက်များအတိုင်း အသိပညာပေးခြင်း၊ စောင့်ကြပ် စစ်ဆေးမှုများ နေ့စဉ်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရ
ယင်းမာပင်မြို့တွင် စားသောက်ကုန်များအား မူလဈေးနှုန်းဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ အိမ်အရောက်ဝန်ဆောင်မှုပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ရေးအတွက် ပြည်သူများကို ဝန်ဆောင်မှုအနေဖြင့် ယင်းမာပင်မြို့ စည်ပင်သာယာရေးကော်မတီမှ စားသောက်ကုန်ပစ္စည်းများအား မူလဈေးနှုန်အတိုင်း ဧပြီ ၁၅ ရက်နေ့မှစ၍ အိမ်အရောက် ဝန်ဆောင်မှုပေး ပို့ဆောင်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရ
ပခုက္ကူမြို့အဝင်လမ်းများတွင် စောင့်ကြည့်စစ်ဆေးရေးဂိတ်များထားရှိ၍ ကျန်းမာရေးများစစ်ဆေး
လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပခုက္ကူမြို့အဝင်လမ်းများတွင် စောင့်ကြည့် စစ်ဆေးရေး ဂိတ်များ ထားရှိ၍ မတ်လ ၁၅ ရက်နေ့မှစတင်၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကြကြောင်း သိရ
ကိုဗစ်−၁၉ ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်  (ဘီလူးကျွန်)ချောင်းဆုံမြို့နယ်၏ ထင်ရှားသည့် နှစ်သစ်ကူးသင်္ကြန်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များ ကျင်းပခြင်းမရှိ
မြန်မာနိုင်ငံတွင် ထင်ရှားသည့် (ဘီလူးကျွန်)ချောင်းဆုံမြို့နယ်၏ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို နှစ်ပေါင်း (၁၀ဝ) ကျော်ခန့်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်−၁၉ ကူးစက်ရောဂါကြောင့် နှစ်သစ်ကူးသင်္ကြန်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ဒေသခံပြည်သူများ ပြုလုပ်ခြင်းမရှိကြောင်း သိရ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေနှင့် ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့လှူဒါန်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီခွဲက လားရှိုးခရိုင်၊ မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ရောက်ရှိကာ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများသို့ အခြေခံစားကုန် (၅)မျိုး ထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက် အားပေးသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းရယ်မြို့ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိပြီး ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေကျပ်ငါးသိန်းအား ထောက်ပံ့လှူဒါန်းရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သီရိထွန်းက လက်ခံရယူ
ဘုတလင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား စားသောက်ကုန်ပစ္စည်းများ ဆက်လက်ထောက်ပံ့ပေး
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံစားသောက် ကုန်ပစ္စည်းများကို ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးလျက်ရှိရာ အိမ်ထောင်စုပေါင်း တစ်သောင်းကျော်ထံသို့ ထောက်ပံ့ပေးအပ်ပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ရေးအတွက် ဖလမ်းမြို့ စည်ပင်သာယာရေးဈေးတွင် ဈေးရောင်းဝယ်မှု အချိန်ကန့်သတ်
ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကာကွယ်နိုင်ရေး ဖလမ်းမြို့ စည်ပင်သာယာ ရေးဈေးအတွင်း ဈေးရောင်းဝယ်မှု အချိန်အား ဧပြီ ၁၅ ရက်နေ့ကစပြီး ကန့်သတ်ထားကြောင်း သိရ